Dhamma Video
Welcome
Login / Register
Most Popular Articles
  • ရှစ်ပါးသီလခံ ယူဆောက်တည်ပုံ
    ရှစ်ပါးသီလခံ ယူဆောက်တည်ပုံ
    ၁။ အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ ။
    ၂။ ဒုတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ ။
    ၃။ တတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ ။
    သံဃာ - ယ. မဟံ ၀ဒါမိ တံ ၀ဒေထ ။
    လူ - အာမ ဘန္တေ ပါအရှင်ဘုရား ။
    နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ။ (သုံးခေါက်ဆို)
    ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
    ဓမ္မံ သရဏံ ဂစ္ဆာမိ ။
    သံဃံ သရဏံ ဂစ္ဆာမိ ။
    ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
    ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
    ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။
    တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
    တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
    တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။
    သံဃာ - တိသရဏဂမနံ ပရိပုဏ္ဏံ ။
    လူ - အာမ ဘန္တေ ပါ အရှင်ဘုရား ။
    ၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
    ၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
    ၃။ အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
    ၄။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
    ၅။ သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
    ၆။ ၀ိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
    ၇။ နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိလူသန
    ဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
    ၈။ ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
    သံဃာ - တိသရဏေနသဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ သာဓုကံ ကတွာ ဓမ္မံ
    အပ္ပမာဒေန သမ္ပာဒေထ ။
    လူ - အာမ ဘန္တေ ပါ အရှင်ဘုရား ။
    တစ်ပါးစီ၏ အနက်အဓိပ္ပါယ်
    ပါဏာတိပါတ သိက္ခာပုဒ် သိမှတ်ဖွယ်
    သေစေလိုသောစိတ်ဖြင့် မည်သည့်သတ္တ၀ါ၏အသက်ကိုမဆိုသတ်ဖြတ်ခြင်းသည် ပါဏာတိ ပါတာ မည်၏ ။
    အဒိန္နာဒါန သိက္ခာပုဒ် သိမှတ်ဖွယ်
    ကိုယ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ ၊ စာဖြင့်ဖြစ်စေ သူတပါးတို့ ကမပေးသော ဥစ္စာကို ခိုးယူခြင်း၊ ဓားပြတိုက်ခြင်း ၊ လိမ်ညာယူခြင်း၊လှည့်ပတ်ယူခြင်း၊ အရောင်းအ၀ယ်ပြုလုပ်ရား၌ အလေး တင်းတောင်း ချိန်ခွင် စသည့်ဖြင့် မမှန်မကန်ပြုခြင်း ၊ ရောင်းကုန်တိုးအောင် ရေထိုးခြင်း စသည်ဖြင့် မရိုးမသား မတရားပြုလုပ်၍ ယူခြင်းမှန်သမျှသည် အဒိန္နာဒါန ဖြစ်သည်။
    အဗြဟ္မစရိယသ သိက္ခာပုဒ် သိမှတ်ဖွယ်
    မမြတ်သော မေထုန်အကျင့်ဟူရာ၌ မိန်းမယောက်ျားနှစ်ဦးသားတို့၏ အချင်းချင်း ပျော်ပါး ပေါင်းသင်းမှု ကိစ္စကို မေထုန်ဟုဆိုသည်။ကာမေသုမိစ္ဆာစာရမှာမိမိတို့ ဇနီးခင်ပွန်းအချင်းချင်း ပေါင်းသင်းခွင့်ရသေးသည်၊ ဤ အဗြဟ္မစရိယ ဆောက်တည်သူတို့မှာ ဇနီး ခင်ပွန်း အချင်းချင်း သော်မှပေါင်းသင်းဆက်ဆံခွင့်မရ။ အိမ်ထောင်မရှိသော သူတော်စင်များသည် ငါးပါးသီလတွင် ကာမေသုမိစ္ဆာစာရအစား ဤအဗြဟ္မစရိယ သိက္ခာပုဒ်ကို ဆောက်တည်ပါက သာ၍အကျိုး ကြီးသည်။
    မုသာဝါဒ သိက္ခာပုဒ် သိမှတ်ဖွယ်
    နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ကိုယ်လက်လှုပ်ပြ၍ ဖြစ်စေ လိမ်ညာမှု မှန်သမျှသည် မုသာဝါဒ ဖြစ်သည်။ သို့သော်နှုတ်ဖြင့် ပြောရသော မုသားကများ၍ ၀စီဒုစရိုက်၌ထည့်သွင်းရသည်။ လိမ်လည်ပြောဆိုရာ၌ သူတပါးအကျိုးစီးပွား ပျက်စီးအောင် လိမ်ညာပြောဆိုသောမုသား မျိုးသာ အပါယ်ရောက်ကြောင်း ဖြစ်သည်။ သူတပါးအကျိုးစီးပွား အနည်းငယ် ပျက်စီး လျှင် အပြစ်ငယ်၏ ။ များစွာ ပျက်စီးလျှင်အပြစ်ကြီး၏ ။
    သုဒါမေရယ သိက္ခာပုဒ် သိမှတ်ဖွယ်
    သေရည် သေရက် ဘိန်း ဘင်း ကစော် လှော်စာ ကုတ်ကင်း ဆေးခြောက် ဘိန်းဖြူစသော မူးယစ်စေတတ်သော မည်သည့်ပစ္စည်းတို့ကိုမဆို သောက်စားသုံးစွဲခြင်းမပြုရ။ ထိုအရာများကို သောက်စားသုံးစွဲခြင်းသည် ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော ကြောင့် ရှောင်ကြဉ်ရသည်။
    နေလွဲသောအခါ အစာစားခြင်းမှ ရှောင်ကြဉ်ပါ၏’’ဆိုရာတွင် နေ့လယ် မွန်းတည့် (၁၂) နာရီ အချိန်မှ နောက်ပိုင်းကို နေလွဲ မွန်းလွဲဟုခေါ်သည်။ ထိုနေ လွဲသည်မှစ၍ နောက်နေ့ နံနက် အရုဏ်တက်သည့်တိုင်အောင် ထမင်းဟင်းလျာ မုန့် ပဲ သရေ စာ သစ်သီးစသည့် စား သောက်ဖွယ်ရာ ဟူသမျှကို မစားရ။ ယင်း အစားအစာများကို စားလျှင် ၀ိကာလဘောဇန သိက္ခာပုဒ်ပျက်သည်။ ဆာလောင်မွတ်သိပ်မှု ဖြစ်ခဲ့သော ဖျော်ရည် တစ်မျိုးမျိုး ကို သောက် ကောင်း၏ ။ ထန်းလျက်ကိုပင် မစားရ၊ ဖျော်ရည်လုပ်၍ သောက်ရသည်။
    နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိလူသနဋ္ဌာနာ သိက္ခာပုဒ် သိမှတ်ဖွယ်
    နစ္စ = ကခြင်း
    ဂီတ = သီဆိုခြင်း
    ၀ါဒိတ = တီးမှုတ်ခြင်း
    မာလာဓာရဏ = ပန်းပန်ခြင်း
    ဂန္ဓဓရဏ = အမွှေး ရနံဆောင်ခြင်း
    ဂန္ဓ၀ိလေပန = နံ့သာ နံ့သာပျောင်းသုံးစွဲခြင်း
    မဏ္ဍန = အလှပြင်ခြင်း
    ၀ိဘူသန = တန်ဆာဆင်ခြင်း
    ဋ္ဌာန = အကြောင်းအရာ
    ဥစ္စာသယန မဟာသယနာ သိက္ခာပုဒ် သိမှတ်ဖွယ်
    ဥစ္စာသယန။ ။ (မြင့်သောနေရာ) အခြေတစ်ထောင့်ထွာထက် ရှည်သော အိပ်ရာ ခုတင် ကုလားထိုင်ကြီးများစသည်‘ဥစ္စာသယန’ ဟုခေါ်သည်။ မထိုင်ကောင်း အအိပ်ကောင်း။
    မဟာသယနာ။ ။ (မြတ်သောနေရာ)စည်းစိမ်ခံစားလေ့ရှိသော လူချမ်းသာများ၏ အိမ်
    ၌ လက်လေးသစ်မက ခမ်းနားဆန်းကြယ်သော သားမွေးအခင်း၊ ရွှေခြည် ငွေခြည်တို့ဖြင့် ချုပ်
    လုပ်ထားသော ပိုးအခင်း လဲမွေ့ရာ ဂွမ်းမွေ့ရာများကို မသုံးကောင်း၊ အသုံးပြုလျှင် ဤသိက္ခာ
    ပုဒ်ပျက်သည်။ အုန်းခွံအဆာသွတ် မွေ့ရာကိုမူ သုံးကောင်းသည်။ သင်ဖြူးချော ကော်ဇောမွေး
    တိုစသည် တို့ကိုကားဤသိက္ခာပုဒ်အရ မြတ်သောနေရာဟုမဆိုရချေ
    ရှစ်ပါးသီလစောင့်တည်ခြင်းဖြင့် ရရှိသောအကျိုးများ
    ရှစ်ပါးသီလသည် အမြဲတတ်နိုင်လျှင် အမြဲစောင့်ထိန်းသင့်ပြီး ရံခါတတ်နိုင်လျှင် ရံခါ စောင့်ထိန်းသင့်သော သီလဖြစ်သည်။ လူတို့နှင့် အထူးသင့်လျော်သော သီလဖြစ်သည်။
    အထူးသဖြင့် ဤရှစ်ပါးသီလကို လဆန်း(၈)ရက်၊ လဆုတ် (၈)ရက်၊ လပြည့်၊ လကွယ်နေ့များ၌ ဥပုသ်နေ့ အဖြစ်သတ်မှတ် ပိုင်းခြား၍ ကျင့်သုံးလေ့ရှိသည်။
    ဤရှစ်ပါးသီလကို သာမန်စောင့်ရိုးစောင့်ရက်များတွင်သာ အကြိုအပို စောင့်သုံးသော
    အားဖြင့် အဖိတ်နေ့ ဥပုသ်နေ့အထွက်နေ့များတွင်ပါ စောင့်သုံးလေ့ရှိသည်။ ဤရှစ်ပါးသီလကို
    ကျင့်သုံးဆောက်တည်ခြင်းသည်-
    - ဘုန်းတန်ခိုး အရှိန်အ၀ါ စည်းစိမ်ဥစ္စာ တိုးတက်မြင့်မားစေနိုင်သည်။
    - စကြ၀တေးမင်း ဧကန်ဖြစ်မည့် စကြာမင်းလောင်းသည်ပင် ရှစ်ပါးသီလ
    ဆောက်တည်မှသာ စကြာရတနာဆိုက် ရောက်ပြီး စကြ၀တေးမင်းအဖြစ်သို့
    ရောက်ရှိနိုင်သည်။
    - ဘ၀သံသရာ၌ ကောင်းရာသုဂတိသို့ ရောက်ရှိကာ လူနတ်စည်းစိမ်ချမ်းသာ
    အမျိုးမျိုးကို အကြိမ်ကြိမ်ခံစားရပြီး မဂ်ဖိုလ် နိဗ္ဗာန် အထိအဆင့်ဆင့်သော အကျိုးတရားများကို ရရှိနိုင်သည်။
    - မျက်မှောက်ဘ၀တွင် လူတော်လူကောင်းတစ်ယောက်ဖြစ်ကာ အပြစ်ကင်းစင်
    ၍ အများချစ်ခင်လေးစားမှု ယုံကြည်မှု အားထားမှုကို ခံရသည်။
    - ယခုဘ၀တွင်ပင် စည်းစိမ်ဥစ္စာတို့ အစုလိုက် အပုံလိုက် တိုးတက်ကြီးပွားနိုင်သည်။
    စာရေးသူမှတ်ချက်။ ။ဗုဒ္ဓဘာသာဝင်အများစုသည် မူလတန်းမှစ၍ ငါးပါးသီလကို သိရှိကြသည်။ ထိုကြောင့်သိရှိပြီးဟုယူဆ၍ ငါးပါးသီလ ဆောက်တည်ပုံကို မဖော်ပြတော့ဘဲ ရှစ်ပါးသီလဆောက်တည်ပုံကို ဖော်ပြလိုက်ပါသည်။ဓမ္မမိတ်ဆွေများ ကုသိုလ်ယူနိုင်ကြပါစေ။ (ဗုဒ္ဓသာသနာတော် အထက်တန်းအဆင့် စာအုပ်မှကောက်နုတ်တင်ပြသည်)
    Read more »
  • ကိုးပါးသီလ ခံယူဆောက်တည်ပုံ (ပါဠိ-မြန်မာ)
    ကိုးပါးသီလ ခံယူဆောက်တည်ပုံ (ပါဠိ-မြန်မာ)
    အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊
    အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
    ဒုတိယမ္ပိ
    အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊
    အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
    တတိယမ္ပိ
    အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊
    အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
    ((အရှင်ဘုရား တပည့်တော်သည် တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် အားကိုးရာ ရတနာမြတ်သုံးပါးနှင့်တကွ နောက်ဆုံးအင်္ဂါကိုးပါး မေတ္တာပွားပုံ ပါရှိသော သီလတော်မြတ်ကို တောင်းခံပါ၏။ တပည့်တော်ကို ချီးမြှောက်သောအားဖြင့် ကိုးပါးသီလ ချီးမြှင့်တော်မူပါဘုရား။))
    (ဘုန်းကြီး။ ယ မဟံ ဝဒါမိ၊ တံ ဝဒေထ။) ((ဘုန်းကြီး။ ဘုန်းကြီးဆိုသလို လိုက်ဆိုကြပါ။))
    (လူများ။ အာမ ဘန္တေ။) ((လူများ။ မှန်ပါဘုရား။))
    နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
    နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
    နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
    ((ဘုန်းတော်ခြောက်ပါးရှိတော်မူသော ပူဇော်အထူးကို ခံယူတော်မူထိုက်ပါပေသော တရား အားလုံးကို မဖောက်မပြန် အမှန်ကိုယ်တိုင် သိတော်မူသော မြတ်စွာဘုရားအားရှိခိုးပါ၏။))
    ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
    ဓမ္မံ သရဏံ ဂစ္ဆာမိ။
    သံဃံ သရဏံ ဂစ္ဆာမိ။
    ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
    ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။
    ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။
    တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
    တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။
    တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။
    ((တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင်-
    မြတ်စွာဘုရားကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ် သိမှတ်ပါ၏။
    တရားတော်မြတ်ကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ် သိမှတ်ပါ၏။
    သံဃာတော်မြတ်ကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ် သိမှတ်ပါ၏။))
    (ဘုန်းကြီး။ တိသရဏဂမနံ ပရိပုဏ္ဏံ။) ((ဘုန်းကြီး။ သရဏဂုံသုံးပါး ပြည့်စုံပါပြီ။))
    (လူများ။ အာမ ဘန္တေ။) ((လူများ။ မှန်ပါဘုရား။))
    ၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
    ((သူ့အသက်လည်း မသတ်ဘဲ အမြဲရှောင်ကြဉ်မည်။))
    ၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
    ((သူ့ဥစ္စာလည်း မခိုးဘဲ အမြဲရှောင်ကြဉ်မည်။))
    ၃။ အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
    ((မမြတ်သော မေထုန်အမှုလည်း မပြုဘဲ အမြဲရှောင်ကြဉ်မည်။))
    ၄။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
    ((လိမ်လည်၍လည်း မပြောဘဲ အမြဲရှောင်ကြဉ်မည်။))
    ၅။ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
    ((သေရည်အရက်လည်း မသောက်ဘဲ အမြဲရှောင်ကြဉ်မည်။))
    ၆။ ဝိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
    ((နေလွဲ ညစာ မစားဘဲ အမြဲရှောင်ကြဉ်မည်။))
    ၇။ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန
    ဝိဘူသနဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
    ((အကုသိုလ်ဖြစ်ပွားကြောင်းဖြစ်သော က ခုန် တီးမှုတ် ကြည့်ရှုနားထောင် ပန်းပန်ခြင်း အမွှေး နံ့သာ လိမ်းကျံရှူရှိုက်ခြင်းမှ အမြဲရှောင်ကြဉ်မည်။))
    ၈။ ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
    ((မြင့်သောနေရာ မြတ်သောနေရာ အိပ် ထိုင်ခြင်းမှ အမြဲရှောင်ကြဉ်မည်။))
    ၉။ မေတ္တာ သဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ဝိဟရဏံ
    သမာဒိယာမိ။
    ((မေတ္တာနှင့် ယှဉ်သောစိတ်ဖြင့် သတ္တဝါရှိသော လောကကို ပျံ့နှံ့၍နေစေမည်။))
    (ဘုန်းကြီး။ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ သာဓုကံ
    ကတွာ အပ္ပမာဒေန သမ္ပာဒေထ။)
    ((ဘုန်းကြီး။ ဘုရား တရား သံဃာတည်းဟူသော အားကိုးရာသုံးပါးနှင့်တကွ နောက်ဆုံးအင်္ဂါကိုးပါး မေတ္တာပွားပုံ ပါရှိသော သီလတရားမြတ်ကို ရိုသေစွာ ခံယူ ဆောက်တည်ကြပြီး၍ မမေ့မလျော့သော သတိဖြင့် ကုသိုလ်ကိစ္စအဝဝကို ပြည့်စုံအောင်အားထုတ်ကြပါ။))
    (လူများ။ အာမ ဘန္တေ။)
    ((လူများ။ မှန်ပါဘုရား။))
    ***
    အင်္ဂါ ၉-မျိုးနှင့် ပြည့်စုံသော ဥပုသ်သီလ-((ယခုအခေါ် ၉-ပါးသီလ))
    နဝင်္ဂုပေါသထသုတ်၊
    ၁၈။ ရဟန်းတို့ အင်္ဂါကိုးမျိုးတို့နှင့် ပြည့်စုံသော ကျင့်သုံးအပ်သော ဥပုသ်သည်-
    အကျိုးကြီး၏၊
    အာနိသင်ကြီး၏၊
    တန်ခိုးကြီး၏၊
    ကြီးသော ပျံ့နှံ့ခြင်းရှိ၏။
    ရဟန်းတို့ အဘယ်သို့ ကျင့်သုံးအပ်သော အင်္ဂါကိုးမျိုးတို့နှင့် ပြည့်စုံသော ဥပုသ်သည် အကျိုးကြီးသနည်း၊ အာနိသင်ကြီးသနည်း၊ ကြီးသော ပျံ့နှံ့ခြင်းရှိသနည်း။
    ရဟန်းတို့ ဤသာသနာတော်၌ အရိယာဖြစ်သော တပည့်သည် ဤသို့ ဆင်ခြင်၏၊ ''ရဟန္တာတို့သည် အသက်ထက်ဆုံး အသက်သတ်ခြင်းကို ပယ်၍ အသက်သတ် ခြင်းမှ ရှောင်ကြဉ်ကုန်၏၊ တုတ်ကိုချထားပြီး ဖြစ်ကုန်၏၊ လက်နက်ကို ချထားပြီး ဖြစ်ကုန်၏၊ ရှက်ခြင်း ရှိကုန်၏၊ သနားတတ်ကုန်၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေကုန်၏၊ ငါသည်လည်း ဤတစ်ညဥ့်နှင့် တစ်နေ့ ပတ်လုံး အသက်သတ်ခြင်းကိုပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်လျက် တုတ် ကို ချထားလျက် လက်နက်ကို ချထားလျက် ရှက်ခြင်းရှိလျက် သနားလျက် ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေအံ့။ ဤအကြောင်း အင်္ဂါဖြင့်လည်း ရဟန္တာတို့ကို အတုလိုက်၍ ပြုအံ့၊ ငါ့အားဥပုသ် ကျင့်သုံးအပ်သည် လည်း ဖြစ်ပေလိမ့်မည်'' ဟု ဆင်ခြင်၏။
    ဤပဌမအင်္ဂါနှင့် ပြည့်စုံ၏။ ပ ။
    ''ရဟန္တာတို့သည် အသက်ထက်ဆုံး မြင့်သောနေရာ မြတ်သောနေရာ၌ နေခြင်းကို ပယ်၍ မြင့်သောနေရာ မြတ်သောနေရာ၌ နေခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ညောင် စောင်းငယ်၌ဖြစ်စေ မြက်အခင်း၌ဖြစ်စေ နိမ့်သောနေရာ၌ နေကုန်၏၊ ငါသည် လည်း ဤတစ်ညဥ့်နှင့် တစ်နေ့ပတ်လုံး မြင့်သောနေရာ မြတ်သောနေရာ၌ နေ ခြင်းကိုပယ်၍ မြင့်သောနေရာ မြတ်သောနေရာ၌ နေခြင်းမှ ရှောင်ကြဉ်လျက် ညောင်စောင်းငယ်၌ ဖြစ်စေ မြက်အခင်း၌ ဖြစ်စေ နိမ့်သော နေရာ၌ နေပါအံ့။ ဤအကြောင်းအင်္ဂါဖြင့်လည်း ရဟန္တာတို့ကို အတုလိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ် ကျင့်သုံးအပ်သည်လည်း ဖြစ်ပေလိမ့်မည်'' ဟု ဆင်ခြင်၏။
    ဤအဋ္ဌမအင်္ဂါနှင့် ပြည့်စုံ၏။
    မေတ္တာနှင့်ယှဉ်သောစိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကိုပျံ့နှံ့စေ၍ နေ၏။ ထို့ အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခု မြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက် အောက် ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသော သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါ အားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည် မရှိသော ရန်မရှိသော ငြိုငြင်ခြင်း မရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေလျက် နေ၏။
    ဤနဝမအင်္ဂါနှင့် ပြည့်စုံ၏။
    ရဟန်းတို့ ဤသို့ ကျင့်သုံးအပ်သော အင်္ဂါကိုးမျိုးတို့နှင့် ပြည့်စုံသော ဥပုသ်သည် အကျိုးကြီး၏၊ အာနိသင်ကြီး၏၊ တန်ခိုးကြီး၏၊ ကြီးသော ပျံ့နှံ့ခြင်းရှိ၏ ဟု (မိန့်တော်မူ၏)။
    အဋ္ဌမသုတ်။
    ၈ - နဝင်္ဂုပေါသထသုတ်၊ သီဟနာဒ၀ဂ်၊ အင်္ဂုတ္ထိုရ်။
    ကိုးပါးသီလပေးရာတွင် ဤသုံးမျိုး တွေ့ဖူးပါသည်။
    ၁။ မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ဝိဟရဏံ သမာဒိယာမိ။
    ၂။ မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ဝိဟရာမိ။
    ၃။ ယထာဗလံ မေတ္တာသဟဂတေန စေတသာ သဗ္ဗဝန္တံ လောကံ ဖရိတွာ ဝိဟရာမိ။ (ဆရာတော်အရှင်ဇနကာဘိဝံသ နှစ်သက်ပါသည်။)
    http://www.lknt.org/2008/07/blog-post_03.html
    Read more »
RSS